Header Ads

ဒီမော်ဒယ်လ်က ဝလို့ အလုပ်ပြုတ်သတဲ့

ဒီမော်ဒယ်လ်က ဝလို့ အလုပ်ပြုတ်သတဲ့

ဓာတ်ပုံထဲက အသက် ၂၀ အရွယ် ဒိန်းမတ် ကိုယ်ဟန်ပြမယ် ဟိုရာ (Ulrikke Høyer) ဟာ သိပ်ဝနေလို့ ဆိုပြီး ဂျပန်နိုင်ငံမှာ ပြုလုပ်မယ့် လူဝီဗီတွန်ဖက်ရှင်ပြပွဲကနေ အထုတ်ခံလိုက်ရပါတယ်။

သူ့ကို အစမ်းဝတ်စုံပွဲမတိုင်မီ ၂၄ နာရီ  အတွင်းမှာ ဘာမှ မစားဘဲ ရေချည်းပဲ သောက်ဖို့ ကြားပွဲစားကိုယ်စားလှယ်တွေက ညွှန်ကြားတယ် ဆိုပါတယ်။

ဒါပေမယ့် မော်ဒယ်လ်မလေးဟာ အစမ်းပွဲကို မရောက်လိုက်ပါဘူး၊ အေးဂျင့်က သူ့ကို ဖြုတ်လိုက်ပါတယ်။

ဟိုရာက ဒီအကြောင်းကို သူ့ရဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်ကို ဖော်ပြနေတဲ့ အောက်ခံ အဝတ်အစားဓာတ်ပုံနဲ့ အတူ အွန်လိုင်းဓာတ်ပုံလူမှုကွန်ရက် အင်စတာဂရမ်မှာ ဖြစ်ကြောင်းရယ်ကုန်စင် ရေးတင်ထားပါတယ်။

ဖောင်းကားနေတဲ့ မျက်နှာ၊ ဖောင်းကားနေတဲ့ဝမ်းဗိုက် ဆိုပြီး အပြောခံထိခဲ့လို့ သူ့ ခါးအတိုင်းအတာ ဓာတ်ပုံအပါအဝင် ပိုရှည်လျားတဲ့ စာ တစောင်ကိုလည်း ဟိုရာက သူ့ရဲ့ ဖေ့ဘွတ်ခ်မှာ တင်ခဲ့ပါသေးတယ်။

ဒီလူတွေ (ဖက်ရှင်လုပ်ငန်း)  က ငယ်ရွယ်တဲ့ မိန်းကလေးငယ်တွေကို ကျန်းမာရေး ထိခိုက်စေပြီး အစားအသောက်ပုံစံ ပျက်ယွင်းစေတဲ့ အထိ အလွန်အမင်း အစာရှောင်စေနိုင်တဲ့ အစွမ်းရှိတာကို သာယာနေကြတယ်လို့လည်း ဟိုရာ က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက် ပေးဖို့ လူဝီဗီတွန် (Louis Vuitton) ကို ဘီဘီစီနယူးစ်ဘိ က ဆက်သွယ်ခဲ့ပေမယ့် ပြန်လည် မတုံ့ပြန်ခဲ့ပါဘူး။

#ဘီဘီစီမြန်မာပိုင်း

Photos Credit : Ulrikke Høyer Instagram & Getty Images

No comments:

MMEBOOK. Powered by Blogger.