Header Ads

ကမ္ဘာ့အရှည်ဆုံး စံချိန်တင်သွားနိုင်ခဲ့တဲ့ စတော်ဘယ်ရီကိတ်မုန့်ကြီး

 ပြင်သစ်နိုင်ငံအတွင်းမှာ နှစ်စဉ်တိုင်းကျင်းပနေမြဲဖြစ်တဲ့ စတော်ဘယ်ရီပွဲတော်ရဲ့ ၂၅ကြိမ်မြောက် အခမ်းအနားအဖြစ် စတော်ဘယ်ရီနဲ့ အထူးပြုလုပ်ထားတဲ့ ပြင်သစ်ကိတ်မုန့်ကြီးတစ်ခုကို ကိတ်မုန့်စာဖိုမှူးကြီးငါးဦးက တာဝန်ယူလုပ်ဆောင်ခဲ့ပြီး ကမ္ဘာ့အရှည်ဆုံး ကိတ်မုန့်ကြီးအဖြစ် စံချိန်မှတ်တမ်းသစ်တစ်ရပ်ကို ရရှိပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ်။

 ဒီလို ဂင်းနစ်စံချိန်တင်သွားခဲ့တဲ့ ကိတ်မုန့်ရှည်ကြီးကို ပြင်သစ်နိုင်ငံအတွင်းက ပရော်ဖက်ရှင်နယ် ကိတ်မုန့်ဖုတ်ကျွမ်းကျင်တဲ့ စာဖိုမှူးကြီးငါးယောက်ကနေ အသီးသီးတာဝန်ယူပြီး ဖန်တီးပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။ ၁၀၅ပေရှိတဲ့ Fraisier Patissier အမည်ရ ပြင်သစ်ကိတ်မုန့်ရှည်ကြီးကို လတ်လတ်ဆတ်ဆတ် စတော်ဘယ်ရီသီးများ ၊ ကိတ်မုန့်ခရင်များနဲ့ ကိတ်မုန့်ပွတို့ကို အသုံးပြုပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။ စတော်ဘယ်ရီ ကိတ်မုန့်ရှည်ကြီးကို အပိုင်း ၅၅ပိုင်းနဲ့ ပေါင်းစပ်ပြုလုပ်ထားတာဖြစ်ပြီး ကြက်ဥအလုံး ၇၂၀ ၊ ကြက်ဥဒိန်ချဉ် အခုသုံးရာ ၊ သကြား ၅၉ပေါင် ၊ ဂျုံဖြူ ၆၆ပေါင်နဲ့ စတော်ဘယ်ရီသီး ၄၄၀ပေါင်တို့နဲ့ ရောနှောပြုလုပ်ထားတာဖြစ်ပါတယ်။

ဂင်းနစ်စံချိန်အဖြစ် တရားဝင်သတ်မှတ်ခံရပြီးနောက်မှာတော့ ကိတ်မုန့်ကို အပိုင်းပိုင်းဖြတ်ပြီး စတော်ဘယ်ရီပွဲတော်ကို ကြွရောက်လာသူများဆီကို ပြန်လည်ရောင်းချခဲ့ပါတယ်။ ကိတ်မုန့်ရောင်းချလို့ရတဲ့ ပိုက်ဆံများကိုတော့ ပရဟိတလုပ်ငန်းတွေမှာ အသုံးပြုသွားခဲ့ပါတယ်။ ဒီလို နှစ်စဉ်တိုင်း ကျင်းပနေကြမြဲဖြစ်တဲ့ စတော်ဘယ်ရီပွဲတော်မှာ စတော်ဘယ်ရီသီးနဲ့ပတ်သက်တဲ့ အကြောင်းအရာများအားလုံးကို ခင်းကျင်းပြသသွားတာဖြစ်ပြီး ပွဲကိုတတ်ရောက်လာသူများအနေနဲ့ စတော်ဘယ်ရီသီးနဲ့ ပြုလုပ်ထားတဲ့ စားစရာမျိုးစုံကို မြည်စမ်းနိုင်ဖို့ အခွင့်အရေးရမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။

No comments:

MMEBOOK. Powered by Blogger.